Monday, February 6, 2012
Bath & wc
Bath & wc
အခု နောက်ပိုင်းတွေမှာ လူတွေဟာ ဧည့်ခန်း။ထမင်းစားခန်း များမှာတင် မဟုတ်တော့ပါဘူး။bath & wc စတဲ့ cleaning area လေးတွေမှာတောင် design လေးတွေနဲ့  အလှဆင်လာကြပါပြီ.
.ဒါလေးက အိမ်လေးတစ်လုံးက bath & wc အခန်းလေးပါ။ bath tub, wash basin တွေပါတဲ့  အိမ်သာ ။ရေချိုးခန်းတွဲလျက်လေးပါ၊ကြွေပြားလေးတွေကိုလည်း design ပုံဖော် ကပ်ထားပါတယ်..ဘိုထိုင်လေးရဲ့ နောက်မှာလဲ ပန်းချီကားလေးကို ချိပ်ဆွဲပေးထားပါတယ်
                    ကြည့်မှန် (mirror) ကိုလည်း size အကြီးသုံးပေးထားတဲ့ အတွက် ထည်ထည်ဝါ၀ါရှိစေပါတယ်၊နောက် counter basin အောက်မှာcabinet ပါရှိတာကြောင့် လိုအပ်တဲ့ accessories လေးတွေ တစ်စုတစ်စည်းထဲ ထည့်နိုင်ပါတယ်၊ရှင်းရှင်းလင်းလင်းလဲ ဖြစ်စေပါတယ်၊counter basin အောက်မှာလဲ lighting ပေးထားတဲ့အတွက် အမြင်ဆန်းစေပါတယ်...
Sunday, February 5, 2012
Kitchen Design
Kitchen Design
Kitchen Cabinet လေးပါ၊ကျွန်း natural color ကို သုံးထားပါတယ်၊ Build in cooker hood,refrigerator တို့ ပါရှိပါတယ်၊ကြွေပြားကိုတော့ 8"x8" ပတ်လည် size သုံးထားပါတယ်၊ကြွေပြားdesign ကိုလည်း ရိုးရှင်းတဲ့ design လေးပဲ အသုံးပြုထားပါတယ်
Billiards Center Design
Billiards Center Design
      ဒီ Design လေးကတော့ နေပြည်တော်က billiards center design လေးပါ။
  billiards center ဖြစ်တဲ့ အတွက် natural lighting ကိုဦးစားမပေးပဲ window တွေကို design လိုအပ်ချက်အရdesign ထွင်ပေးထားပါတယ်၊ပေါ့ပေါ့ပါးပါးဖြစ်စေမယ့်  composite material အသုံးပြုထားပါတယ်၊composite color ကိုလည်း တည်တည်ငြိမ်ငြိမ် ဖြစ်မယ့် gray color ကို အသုံးပြုထားပါတယ်၊အ၀င်entrance မှာလည်း သဘာဝရေကန်လေးကို ဖန်တီးပေးထားပါတယ်
 အ၀င်entrance walling မှာလည်း ကျုတံ ပုံစံ လေးတွေပုံဖေါ်ပြီး portico ရဲ့  ceiling ကိုပါ လိုက်ဖက်ညီအောင် design ဖော်ပေးထားပါတယ်
ဒီ design လေးရဲ့  အခြေခံ sketch လေးကတော့ ဒီပုံလေးပါ
လုံးချင်းအိမ်လေးက interior လေး
လုံးချင်းအိမ်လေးက interior လေး
       ဒါက night scene လေးပါ၊ဗဟန်းမြို့ နယ်က အိမ်လေးမှာပါ။အိမ်ရှင်ကလဲ modernize design ကို ကြိုက်တယ်ဆိုတာနဲ့  modern ဘက်ကို ပဲအားရုံစိုက်ထားပါတယ်။
color ပိုင်းအနေနဲ့  သဘာဝအရောင်လေးတွေဖြစ်တဲ့  natural wood ဖျော့ဖျော့ လေးတွေသုံးထားပါတယ်၊lighting ပိုင်းအနေနဲ့ လည်း မီးအုပ်ဆောင်းလေးတွေ။downlight လေးတွေနဲ့  ပေါ့ပေါ့ပါးပါးလေးတွေပဲ သုံးထားပါတယ်။downlight လေးတွေရဲ့  lighting လေးတွေကို wall ပေါ်မှာကျရောက်စေပြီး attraction ဖြစ်အောက်လည်း ဖန်တီးပေးထားပါတယ်
ceiling နဲ့  living walling တွေမှာ patten ဆန်ဆန် လေးထောင့် shape လေးတွေ ပြုလုပ်ပေးထားပါတယ်
Thursday, January 26, 2012
2012 Living style
 ဒါလုံးချင်းအိမ်လေးတစ်လုံးက interior လေးပါ။ဒီမှာက အဓိက အရောင်လေးတွေ ကစားထားပါတယ်၊
Tuesday, January 17, 2012
Reception Design
Reception Design
ဒီ reception လေးကတော့ စက်ရုံတစ်ခုကပါ..နဂိုကတည်းက backdrop ရှိပြီးသားပါ...
 backdrop နဲ့ လိုက်ဖက်တဲ့ reception design လေး ဆွဲပေးထားတာပါ..
Sunday, January 15, 2012
Restaurant Design
Restaurant Design
ဒါလေးက Restaurant Interior Design လေးပါ။ဒီ restaurant လေးက 10th floor မှာ ရှိတဲ့  အတွက် မြို့ ပြရဲ့ အလှကို ကောင်းကောင်းခံစားနိင်ပါတယ်။
modern မကျတကျ ပုံစံလေးပါ။Curve Shape ကို ဦးစားပေးပြီး ပုံဖော်ထားပါတယ်။အလှထားတဲ့ ပန်းအိုးကြီးတွေရဲ့  shape ကိုယူပြီး Ceiling ကို ပုံဖော်ထားပါတယ်Color ပိုင်းအနေနဲ့ လည်း  Fancy ဆန်ဆန်မဟုတ်ပဲ တည်ငြိမ်တဲ့  အရောင်ကို ဦးစားပေး သုံးထားတဲ့ အတွက် လူကြီးပိုင်း စကားအေးအေးဆေးဆေး ပြောနိုင်မှာ ဖြစ်ပါတယ်..
 မြို့ ပြ ရဲ့ အလှကို ခံစားရင်း အေးချမ်းတဲ့  တေးသွားလေးတွေကို နားဆင်ရင်းနဲ့   အရသာ ရှိတဲ့  ညစာကို စားသုံးနှိင်ပါတယ်။Lighting ပိုင်းအနေနဲ့ လည်း အေးချမ်းတဲ့ ခံစားမှု ကို ရရှိအောင် ဖန်တီးထားပါတယ်